ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ သင်တန်းဖွင့်ပွဲ ကျင်းပ

 


မန္တလေး ဇူလိုင် ၃၀

 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော Basic Industrial Motor Control သင်တန်း(၁/၂၀၂၆)နှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။

 

ဦးစွာ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာ လှကြွယ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က အမှာစကား ပြောကြားသည်။ ယင်းနောက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်သန်းသန်းထွန်းက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် Basic Industrial Motor Control သင်တန်း (၁/၂၀၂၆) ကို သင်တန်းနည်းပြအဖြစ် စက်မှုဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက သင်တန်းသား သင်တန်းသူ ၁၅ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဩဂုတ် ၇ ရက်အထိ သင်ကြားပို့ချမည်ဖြစ်သည်။

 

ထို့အတူ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ စွမ်းရည်မြှင့် သင်တန်းအား သင်တန်းနည်းပြအဖြစ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်သန်းသန်းထွန်းက သင်တန်းသား သင်တန်းသူ ၄၆ ဦးအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.