မူဆယ်မြို့ အထက(၂) နှစ်(၆၀)ပြည့် အထိမ်းအမှတ် ကျောင်းဆိုင်းဘုတ်သစ်ဖွင့်
မူဆယ် ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင်
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ် ကျောင်းဆိုင်းဘုတ်သစ်ဖွင့်ပွဲကို
ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆိုင်းဘုတ်ရှေ့၌ ကျင်းပသည်။
ဦးစွာ ကျောင်းဆိုင်းဘုတ်သစ်အား မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်၊
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ယင်းနောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား
ကျောင်းသူများနှင့် အောင်မြင်အောင် သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများအား ဂုဏ်ပြုဆုငွေနှင့်
ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)

No comments