တွံတေးမြို့နယ်၌ ပြည်သူ့စကားဝိုင်း ကျင်းပ

 


ရန်ကုန် ဇူလိုင် ၂၀

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ပြည်သူ့ဘဝမြင့်မားဖို့ ဥပဒေအသိပညာပေးကြစို့ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့က လောကမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် ရဲတပ်ဖွဲ့ တွံတေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မျိုးနိုင်က မှုခင်းကျဆင်းရေး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်ပြည့်ဦးက အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးဥပဒေနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ကျော့ရှင်းဖြူက ကလေးအလုပ်သမား ဥပဒေတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)

No comments

Powered by Blogger.