ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေး
ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
အခွန်ဦးစီးဌာနမှူးရုံး၌ ဝင်ငွေကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပြေစာ အမှတ်တံဆိပ်အကြောင်း
သိကောင်းစရာများအပေါ် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
အခွန်ဦးစီးမှူး ဒေါ်သီသီခိုင်နှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များ၊
အခွန်ထမ်းပြည်သူများဖြင့် ရှင်းလင်းဆွေးနွေးကြပြီး အခွန်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ
ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ

No comments