အောင်လံမြို့နယ် သံရွာကျေးရွာအုပ်စု၌ မိုးပဲတီစိမ်း ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းပွဲကျင်းပ




အောင်လံ ဇူလိုင် ၁၄


မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် သံရွာကျေးရွာတွင် မိုးပဲတီစိမ်းစိုက်ခင်း ပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါ စိုက်ခင်း၌ ကျင်းပသည်။


အဆိုပါ မိုးပဲတီစိမ်းပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်/ ဆည်မြောင်း)တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။


ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများက သံရွာ ကျေးရွာအုပ်စုရှိ တောင်သူ ဦးလုံး ၏ မိုးပဲတီစိမ်း စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၂၀ ဒသမ ၂၅ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။


အာကာ(ပြန်/ဆက်)

No comments

Powered by Blogger.