နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမတောင်သူများအား သွင်းအားစုများ ပေးအပ်
ရမည်းသင်း ဇူလိုင် ၁၉
ရမည်းသင်းမြို့နယ် သမဝါယမဦးစီးဌာနမှ
ဆောင်ရွက်သော တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ
မိုးစပါးစိုက် အခြေခံသမဝါယမအသင်း ခြောက်သင်းရှိ အသင်းသား ၁၅၈ ဦး၏ စိုက်ပျိုးဧက ၇၄၁
ဧကအတွက် တန်ဖိုးငွေကျပ် ၂၂၂ ဒသမ ၃၀ သန်း တန်ဖိုးရှိ မျိုးနှင့် သွင်းအားစု ပေးအပ်ပွဲကို
ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရမည်းသင်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊
တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ
တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံသမဝါယမအသင်းမှ အသင်းသားတောင်သူများ
တက်ရောက်ကာ မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ရမည်းသင်း)

No comments