လွိုင်ကော်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

 



လွိုင်ကော် ဇူလိုင် ၇


စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လူမှုရေးရာဝန်ကြီးတို့က ပွဲတော်ကိုဖွင့်လှစ်ပေးပြီး ဘင်ခရာနှင့် ပန်းဖွားအဖွဲ့တို့၏ ဂုဏ်ပြုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။


ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြခန်းများကို ကြည့်ရှုအားပေးကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပွဲတော် အတွက် ချီးမြှင့်ငွေများ၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ စာပေဟောပြောသည့် စာရေးဆရာမ မဟူရာ(လွိုင်ကော်)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ၊ ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.