မုံရွာတက္ကသိုလ်၌ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
မုံရွာ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၌
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃ ရက် နံနက် ၈ နာရီက မုံရွာတက္ကသိုလ်ဓမ္မာရုံအနီး၌
ကျင်းပသည်။
ဦးစွာ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်
ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို
စိုက်ပျိုးပေးသည်။
ထို့နောက် ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊
မည်စည်၊ ခရေ၊ ရေတမာ၊ ဖျောက်ဆိပ်၊ မာတာကွတ်၊ တမာ၊ ကံ့ကော်စသည့်သစ်မျိုး ၁၀ မျိုး၊ အပင်ပေါင်း
၃၃၉ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)

No comments