သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ဖွင့်လှစ်
နေပြည်တော် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ
ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ကျင်းပရာ
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊
ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ
တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ
(မြို့ပြ) က ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) အား ပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား
ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးဆောင်ညွှန်ကြားရေးမှူး
(ပူးတွဲ)နှင့် ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့က ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ)
ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးက ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) ဆိုင်းဘုတ်ကို
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ စက်ရုံအတွင်း ကွန်ကရစ်ဇလီဖားတုံးများ ထုတ်လုပ်နေမှုကို
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင်
လိုအပ်လျက်ရှိသည့် ကွန်ကရစ်ဇလီဖားများအား မန္တလေး-လားရှိုးရထား လမ်းပိုင်းတွင် အသုံးပြု၍
ပြန်လည် ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ ရထားများပြန်လည်ပြေးဆွဲလျှင်
ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက် ကုန်ပစ္စည်းများအား
ကုန်ကျစရိတ်သက်သာစွာဖြင့် များများနှင့်မြန်မြန် သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments