စဉ့်ကိုင်မြို့နယ်၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
စဉ့်ကိုင် ဇူလိုင် ၂၉
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်
ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ချောင်းပတ်ကျေးရွာ
အောင်မင်္ဂလာခန်းမ၌ ယမန်နေ့က ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးထွန်းထွန်းနိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်တို့က
အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း
ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ
ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းကဏ္ဍဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး
တက်ရောက်လာသည့် ပြည်သူများက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ
ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဖြေကြား
ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments