လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း အင်္ဂလန်အသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်လှမ်း
လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းနဲ့ အင်္ဂလန်အသင်းတို့
ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ
အာဂျင်တီးနားအသင်းက အင်္ဂလန်အသင်းကို အနိုင်ရပြီး
ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါ
တယ်။
အာဂျင်တီးနားအသင်းနဲ့ အင်္ဂလန်အသင်းတို့ပွဲစဉ်မှာ
အင်္ဂလန်အသင်းက ဒုတိယပိုင်းပွဲကစားချိန် ၅၅
မိနစ်မှာ ဂေါ်ဒွန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် အာဂျင်တီးနားအသင်းက ဒုတိယပိုင်း ပွဲကစားချိန် ၈၅ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က
တစ်ဂိုး၊ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို နှစ်မိနစ်မှာ လော်တာ ရိုမာတီနက်ဇ်ကတစ်ဂိုး သွင်းယူပေးခဲ့တာကြောင့်
နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ တိုက်စစ်မှူး
မက်ဆီဟာ အာဂျင်တီးနားအသင်းရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို ဂိုးဖန်တီး ပေးနိုင်ခဲ့တာကြောင့်
ဘလွန်းဒီအောဆုကို ကိုးကြိမ်မြောက် ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါ တယ်။
ဒါ့ပြင် တိုက်စစ်မှူးမက်ဆီဟာ
ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့
အခွင့်အရေး လည်းရှိနေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့ပြီး
ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပြီဖြစ်တာကြောင့် နောက်ဆုံးဗိုလ်လုပွဲမှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့
ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်မှာ အာဂျင်တီးနားအသင်း
ကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယလုပွဲမှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားတတိယလုပွဲကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှာ ကျင်းပမှာဖြစ်ပြီး နောက်ဆုံး
ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းမှာ ကျင်းပမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်

No comments