ဖျာပုံမြို့၌ ပြုပြင်တည်ဆောက်မည့်တံတားအား ကြည့်ရှုစစ်ဆေး
ဖျာပုံ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ
အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေးသည် ယမန်နေ့မွန်းလွဲပိုင်းက ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး
ဦးစီးဌာနရုံးတွင် ခရိုင်နှင့်မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှ
၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ
ဆောင်ရွက်မည့် စီမံချက်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ)
ဦးကျော်ကျော်ထွေးသည် မြို့နယ်အလိုက် စီမံချက်ရေးဆွဲထားမှုများအပေါ် စိစစ်သုံးသပ်လမ်းညွှန်မှုများ
ဆောင်ရွက်ခဲ့ပြီး ဌာနက နည်းပညာပံ့ပိုးမှုဖြင့် သစ်သား ကြမ်းခင်းတံတားမှ ကွန်ကရစ် ကြမ်းခင်းတံတားအဖြစ်
အလှူရှင်က လှူဒါန်းပြုပြင်တည်ဆောက်မည့် ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ ရွာလယ်တံတားသို့
သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
.jpg)
No comments