တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု
ကော့သောင်း ဇူလိုင်
၂၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်
ဇာဒက်ကြီးကျွန်း၌ ရေဆင်းဆိပ်ခံတံတား ပေ ၃၀၀၀ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို
ကြည့်ရှုသည်။
ထို့နောက် အထက ဇာဒက်ကြီးကျောင်းရှိ
ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး
အခက်အခဲနှင့် လိုအပ်ချက်များမေးမြန်းကာ ချီးမြှင့်ငွေပေးအပ်သည်။
ယင်းနောက် ဆလုံ
(မော်ကဲန်)တိုင်းရင်းသားသက်ကြီးဘိုးဘွားများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စားသောက်ဖွယ်ပစ္စည်းများ၊
ချီးမြှင့်ငွေများပေးအပ်ကာ ဇာဒက်ကြီးကျေးရွာ အဏ္ဏဝါပြခန်းဆောင်တွင် ပြသထားရှိသည့် ဆလုံတိုင်းရင်းသားလူမျိုးများ၏
ရိုးရာနေထိုင်မှု ဓလေ့ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ ခရုအမျိုးမျိုးနှင့် ရေထွက်ပစ္စည်း၊
အလှဆင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments