ဗီယက်နမ်နိုင်ငံ၏ မြို့တော်သို့ ယခုနှစ် ခုနစ်လအတွင်း ခရီးသွား ၂၁ သန်းကျော် ဝင်ရောက်



ဇူလိုင် ၃၀

ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းသို့ ၂၀၂၆ ခုနှစ်၏ ပထမခုနစ်လအတွင်း ခရီးသွား ၂၁ ဒသမ ၁၆ သန်းဝင်ရောက်မှုရှိရာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဒေသခံနေ့စဉ်သတင်းစာ Lao Dong က ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါခရီးသွားအရေအတွက်တွင် နိုင်ငံတကာခရီးသွားအရေအတွက် ၅ ဒသမ ၃၁ သန်းရှိပြီး ၂၅ ရာခိုင်နှုန်း မြင့်တက်လာကာ ပြည်တွင်းခရီးသွားအရေအတွက် ၁၅ ဒသမ ၈၅ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၁၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

ထိုကာလအတွင်း ခရီးသွားလုပ်ငန်းဝင်ငွေ ဗီယက်နမ်ဒေါင် ၈၆ ဒသမ ၄၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားကာ ယခင်နှစ်ကထက် ၁၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

ဟနွိုင်းမြို့ ခရီးသွားလုပ်ငန်းဌာန၏ ညွှန်ကြားရေးမှူး Dang Huong Giang က သြဂုတ်လတွင် စိုက်ပျိုးရေး၊ ကျေးလက်နှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းထုတ်ကုန်များကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များကို စီစဉ်ပေးမည်ဖြစ်ကာ နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.