မင်းဘူး(စကု)မြို့နယ်၌ ဝါစိုက်တောင်သူများအတွက် မျိုးနှင့်သွင်းအားစုများ ပေးအပ်

 


မင်းဘူး ဇူလိုင် ၁၉

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌ ဝါစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများ သီးနှံစိုက်ပျိုးချိန် အထောက်အကူပြုစေရန်အတွက် မျိုးနှင့် သွင်းအားစုများ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မေလတ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်)စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် သီးကုန်းကျေးရွာမှ အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သီးကုန်းမွေးမြူရေးနှင့် အထွေထွေ သမဝါယမအသင်းသား တောင်သူ ၃၃ ဦးအား ဝါသီးနှံ ၆၅ ဧကအတွက် ငွေကျပ် ၁၅၃၄၀၀၀၀ နှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများကို တောင်သူလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.