ကျေးရွာမြေငှားဂရန်များ ထုတ်ပေး
ရန်ကုန် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်
လမုကျေးရွာရှိ ပြည်သူများအား
ဇူလိုင် ၂၀ ရက်က ပရွတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာမြေငှားဂရန်များကို တာဝန်ရှိသူများက
ပေးအပ်ခဲ့ကြသည်။
ဦးစွာ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး
မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ကျေးရွာမြေငှားဂရန်များ
ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျေးရွာနေပြည်သူ
၄၀ တို့အား ကျေးရွာမြေငှား ဂရန်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
.jpg)
No comments