ဗင်နီဇွဲလားနိုင်ငံ၌ ကြီးမားသောငလျင်နှစ်ခုကြောင့် အဆောက်အအုံအများအပြား ပြိုကျခဲ့ပြီး အဆောက်အအုံ ၁၀၀၀၀ ခန့်မှာလည်း အသုံးမပြုနိုင်တော့ကြောင်း ဂျပန်ကျွမ်းကျင်သူများ ပြောကြား
ကာရာကတ်စ် ဇူလိုင် ၁၂
ပြီးခဲ့သည့်လက ဗင်နီဇွဲလားနိုင်ငံ၌ ကြီးမားသောငလျင်နှစ်ခုကြောင့်
အဆောက်အအုံအများအပြား ပြိုကျခဲ့ပြီး အဆောက်အအုံ ၁၀၀၀၀ ခန့်မှာလည်း အသုံးမပြုနိုင်တော့ကြောင်း
ဂျပန်ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့က ခန့်မှန်းပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ သေဆုံးသူပေါင်း
၄၃၃၃ ဦးရှိကြောင်းနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေရန် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း
အာဏာပိုင်များက ပြောကြားခဲ့သည်။
ငလျင်သည် အဆောက်အအုံများ၏
တိုင်များကို ပြင်းထန်စွာ လှုပ်ခါစေကာ ဒေါင်လိုက်နီးပါး ပြိုကျ စေခဲ့ကြောင်း ဂျပန်ကျွမ်းကျင်သူအဖွဲ့ခေါင်းဆောင်
မီယာမိုတို ဟီဒီကီက ပြောကြားခဲ့သည်။
အဆောက်အအုံစုစုပေါင်း၏ ၁၃
ရာခိုင်နှုန်းခန့် သို့မဟုတ် အဆောက်အအုံ ၁၀၀၀၀ ခန့်သည် လုံးဝ ပျက်စီးခြင်း သို့မဟုတ်
ပြင်းထန်စွာပျက်စီးပြီး အသုံးမပြုနိုင်တော့ကြောင်း ခန့်မှန်းထားသည်။ ယင်းကိန်းဂဏန်းသည်
ဗင်နီဇွဲလားအစိုးရက နောက်ဆုံးထုတ်ပြန်ကြေညာခဲ့သည့် ကိန်းဂဏန်းထက် များစွာပိုမိုမြင့်မားကြောင်း
သိရသည်။
ခန့်မှန်းခြေအားဖြင့် အဆောက်အအုံ
၃၀၀၀၀ မှ ၅၀၀၀၀ အထိသည် ၎င်းတို့၏ဖွဲ့စည်းပုံများတွင် အက်ကွဲကြောင်းများ သို့မဟုတ် အပေါက်များကြောင့်
ပြုပြင်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြော ကြားသည်။
၂၀၀၈ ခုနှစ် တရုတ်နိုင်ငံ
အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ၂၀၂၃ ခုနှစ်တွင် တူကီယဲတောင်ပိုင်းနှင့်
အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့၌ လှုပ်ခပ်ခဲ့သော ငလျင်များအပြင် ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့်
ငလျင်များသည် လွန်ခဲ့သော နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ငလျင်များဖြစ်ကြောင်း မီယာမိုတိုက ပြောကြားခဲ့သည်။
ပြန်လည်တည်ဆောက်ရန်အတွက်
ဖွဲ့စည်းပုံဆိုင်ရာ ပျက်စီးမှုအခြေအနေနှင့် အပျက်အစီးပမာဏ အပါအဝင် ပျက်စီးဆုံးရှုံးမှုအပြည့်အဝကို
နားလည်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၁၉၉၅ ခုနှစ် ဂျပန်နိုင်ငံ၌ လှုပ်ခတ်ခဲ့သည့်
မဟာဟန်ရှင်-အာဝါဂျီငလျင်မှ အတွေ့အကြုံများကို အသုံးပြု၍ ဂျပန်နိုင်ငံက ပံ့ပိုးကူညီမှုများပေးအပ်နိုင်ကြောင်း
၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments