ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ကျိုင်းတုံ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌
၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက်က ကျိုင်းတုံတက္ကသိုလ်ဝင်းတွင်
ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးက
အမှာစကားပြောကြားပြီး ဒုတိယတိုင်းမှူးနှင့်
တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးရန်အတွက် ပျိုးပင်များ ပေးအပ်ရာ ဒေသခံတိုင်းရင်းသားများ၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမျိုးသမီးရေးရာ အဖွဲ့တာဝန်ခံတို့က လက်ခံရယူကြသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်
ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ
ဦတင်လင်းနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊
ပြည်နယ်၊ ခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျိုင်းတုံတက္ကသိုလ်နှင့်
ပညာရေးဒီဂရီ ကောလိပ်မှ ဆရာ
ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ပျိုးပင် ၁၀၀၀
ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)

No comments