မြစ်ကြီးနားမြို့နယ်၌ ဌာန/အဖွဲ့အစည်းများပိုင်နှင့် ကျေးရွာတိုးချဲ့မြေနေရာဖော်ထုတ်နေမှု စစ်ဆေး




မြစ်ကြီးနား ဇူလိုင် ၅


ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ကွင်းအမှတ် ၂၈၂၊ အား/ကာကွင်းအတွင်း အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာ၊ စက်မှုသင်တန်းကျောင်း မြေနေရာများအပါအဝင် ဌာန/ အဖွဲ့အစည်းများနှင့် ကျေးရွာ တိုးချဲ့မြေနေရာအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့နောက် ပလနကျေးရွာအုပ်စု ကံကော်မြိုင်ကျေးရွာအတွင်းရှိ ငါးလုပ်ငန်းစခန်းဟောင်း ဧရိယာအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ငါးကန်များ ပြုပြင်ဆောင်ရွက် နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် ငါးကန်များအတွင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ ကျော်ကို စိုက်ထည့်ပေးကြသည်။


အဆိုပါကျေးရွာအုပ်စု မြေဧရိယာအတွင်း မွေးမြူရေးဇုန်အဖြစ် လျာထားသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ယင်းမြေဧရိယာအတွင်းရှိ မွေးမြူရေးလုပ်ငန်း များဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဇုန်နေရာအဖြစ် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.