ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် သတ္တုတွင်းလုပ်သား ၃၄ ဦး သေဆုံးဖွယ်ရှိ
ဇူလိုင် ၃၁
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် ပိတ်မိနေသော အလုပ်သမား ၃၄ ဦး သေဆုံးဖွယ်ရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ယင်းပြည်နယ်မြို့တော် ကွက်တာ၏ ဆင်ခြေဖုံးရှိ ကျောက်မီးသွေးတွင်း တစ်ခုအတွင်း ယမန်နေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် သတ္တုတွင်းလုပ်သားများ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုသတ္တုတွင်းမှ ရုပ်အလောင်း ၃၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြားနှစ်ဦးမှာ ဝင်ရောက်ရန်ခက်ခဲသော နေရာတွင် ပိတ်မိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အလုပ်သမား ၃၄ ဦး သေဆုံးဖွယ်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments