လင်းခေးမြို့နယ်၌ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
လင်းခေး ဇူလိုင် ၂၉
လင်းခေးခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ
တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ်
မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက လင်းခေးမြို့နယ်
ဝမ်ဟတ်တိုက်နယ်ရှိ အဘယလာဘမုနိရုပ်ပွားတော် ညောင်ခမ်းဘုန်းတော်ကြီး ကျောင်းပုရိဝုဏ်စိုက်ကွင်းအတွင်း၌
ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက
ဦးဆောင်၍ ဆရာတော်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊
ဒေသခံ ပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကျွန်းပင်၊ မဲဇလီ၊
စိန်ပန်းနီနှင့် ပိတောက်ပျိုးပင် ၅၀၀ တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)

No comments