ပညာတံခွန်ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အစည်းအဝေးကျင်းပ
စဉ့်ကိုင် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်
ပညာတံခွန် (ပညာရေး) ငွေစုငွေချေးအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ
အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထက(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ
ဒေါ်ခင်မြတ်ကြူက သမဝါယမအသင်း ဦးစီးဌာနမှ အသင်းဝင်များအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး
ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အသင်း၏ စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး
ဘဏ္ဍာရေးရှင်းတမ်းများ၊ အစီရင်ခံစာများအား ဖတ်ကြားရှင်းလင်းရာ တက်ရောက်လာကြသည့် အသင်းသား
အသင်းသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပညာတံခွန် (ပညာရေး) ငွေစုငွေချေး
သမဝါယမအသင်း လီမိတက်၏ စုဆောင်းအတိုးရငွေကျပ် ၅၀၂၄၁၀၀၀ အား အသင်းသား ၉၂၄ ဦးတို့၏ ကျန်းမာရေး၊
လူမှုရေး၊ ပညာရေးတို့အတွက် ထောက်ပံ့ငွေများ ထုတ်ပေးနိုင်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)

No comments