ရပ်စောက်မြို့နယ်၌ ငွေစုငွေချေး သမဝါယမ အသင်းသားများအား အတိုးအမြတ်ထုတ်ပေး
ရပ်စောက် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်
အထက(၁) ကျောက်စိမ်းခန်းမ၌ ယနေ့နံနက်ပိုင်းက ဂျီအီးစီပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးအမြတ်ထုတ်ပေးခြင်းနှင့်
Grade-12 ကို ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အသင်းသားများ၏ သားသမီးများအား
ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများက ပေးအပ်သည်။
ဦးစွာ ဂျီအီးစီ သမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌ
ဒေါ်တင်ဌေးက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်က
သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအကြောင်း ပြောကြားသည်။
ထို့နောက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊
ရှေ့လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေး ရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ အသင်းစာရင်းစစ်
အစီရင်ခံစာ၊ အသင်းစည်းကမ်းပြင်ဆင်သည့် အမှာစာတို့ကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူကာ
အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးငွေကျပ် ၃၁၅ သိန်းကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း

No comments