ချက်ဇ်တင်းနစ်မယ် နော့စကိုဗာ ဝင်ဘယ်ဒန်ဖလား ပထမဆုံးအကြိမ် ဆွတ်ခူး
ဝင်ဘယ်ဒန်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ
နောက်ဆုံးဗိုလ်လုပွဲတွင် ချက်ဇ်တင်းနစ်မယ် လင်ဒါနော့ စကိုဗာသည် တစ်နိုင်ငံတည်းသူ ကာရိုလိုင်နာ
မူချိုဗာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၂၊ ၅-၇၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ပထမဆုံးအကြိမ်
ဂရင်းဆလမ်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၁ နှစ်အရွယ် နော့စကိုဗာသည်
ပြိုင်ပွဲတစ်လျှောက်တွင် ဆာစတီယာ၊ မက်ဒီဆင်ကီးစ်၊ မာတင်စ်၊ ကော့ကျုခ်တို့ကို ကျော်ဖြတ်ကာ
နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းလာသူ ဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း တစ်နိုင်ငံတည်းသူ
မူချိုဗာကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ထိုက်ထိုက်တန်တန်ဖလားဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။
၂၀၂၃ ပြင်သစ်အိုးပင်းပြိုင်ပွဲတွင်
ဒုတိယရခဲ့သည့် မူချိုဗာသည် ပြိုင်ပွဲတစ်လျှောက် ကျန်းရွှေ၊ ဘာဘိုရာ၊ အိုဆာကာ၊ ကိုကိုဂေါ့ဖ်
စသည့် ထိပ်တန်းတင်းနစ်မယ်များကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် နော့စကိုဗာကို
ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
မိုးဇက်

No comments