ပေါင်းတည်မြို့နယ်၌ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေး

 


ပေါင်းတည် ဇူလိုင် ၁၅

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အထက (မင်းကွက်)တွင် ဇူလိုင်လ ဒုတိယပတ်က မြို့နယ်လဝကဦးစီးမှူး ဦးဟံဌေးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီအား နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်(ပြန်/ဆက်)

No comments

Powered by Blogger.