ထားဝယ်မြို့၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်



ထားဝယ် ဇူလိုင် ၅


တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးမှူး၍ တိုင်းဒေသကြီး မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ကမြောကင်းတံတားအနီး ထားဝယ်မြစ်အတွင်း ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် ပူးပေါင်းအဖွဲ့များက ပြည်သူများအား နှိုးဆော်သတိပေးခြင်း၊ ဘေးအန္တရာယ် ကင်းလွတ်ရာနေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန် ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုကို ကြည့်ရှုအားပေးကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.