နယ်စပ်ရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒုတိယအကြိမ်
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်းကျင်းပရာ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အမှာစကားပြောကြားပြီး
ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက
ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ စုပေါင်းစိုက်ပျိုးနေမှုကို
ကြည့်ရှုအားပေးသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန
ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို
တစ်ပြိုင်တည်းကျင်းပပြီး ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ၊
ပန်းအလှပင်နှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်
ယနေ့တွင် သစ်ပင်ပေါင်း ၅၀၄၁ ပင်၊ ပထမအကြိမ် သစ်ပင်ပေါင်း ၆၄၁၉ ပင် စုစုပေါင်း ၁၁၄၆၀
ကို စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင် ဖြစ်ထွန်းရေးအတွက် ဆက်လက်ထိန်းသိမ်းပြုစု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments