ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
ရန်ကုန် ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို (၁၆/၁) ရပ်ကွက် ဇောတိကလမ်း သဒ္ဓမ္မနန္ဒီဓမ္မာရုံ၌ ဇူလိုင် ၂ ရက်က ကျင်းပသည်။
ဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ စကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ ဒေါ်ဥမ္မာအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်တာဝန်ခံ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဦးသူရဝင်း၊ မြို့နယ်တာဝန်ခံ၊ ရေစီးရေလာစီမံခန့်ခွဲမှုဌာန ဒေါ်ခိုင်ဇာလွင်တို့က မြို့နယ်သန့်ရှင်းသာယာလှပရေး၊ အမှိုက် စွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ရပ်ကွက်နေပြည်သူများ မေးမြန်းသည်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments