ဗင်နီဇွဲလားငလျင် သေဆုံးသူဦးရေ ၂၂၉၅ ဦးအထိ မြင့်တက်လာ၊ ၁၁၀၀၀ ကျော် ဒဏ်ရာရရှိ
ဇူလိုင်
၂
ဗင်နီဇွဲလားနိုင်ငံတွင်
ဇွန်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေသည် ၂၂၉၅
ဦး၊ ဒဏ်ရာရရှိသူဦးရေ ၁၁၂၆၇ ဦးအထိ မြင့်တက်လာကြောင်း ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဂျော့ဂ်ျ ရိုဒရီဂွက်ဇ်က ယမန်နေ့က ပြောကြားခဲ့သည်။
လက်ရှိတွင်
ထိခိုက်ခံရသူ ၁၂၈၄၁ ဦး ရှိကြောင်း ရိုဒရီဂွက်ဇ်က ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး
ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့်
ပြည်တွင်းကယ်ဆယ်ရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်း ၄၀၀၀ ကျော်က လူပေါင်း ၆၄၆၁ ဦးကို
ကယ်တင်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယာယီခိုလှုံရေးစခန်း
၂၅ ခု ဖွင့်လှစ်လျက်ရှိရာ လာ ဂွိုင်ရာ တွင် ၁၃ ခု၊ ကာရာကက်စ်တွင် ၈ ခု၊ မီရန်ဒါတွင်
၂ ခု၊ ကာရာဘိုဘိုတွင် ၁ ခုနှင့် ယာရာကွိုင်တွင် ၁ ခု တို့ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဏာပိုင်များသည်
ခိုလှုံရေးစခန်းများကို ပစ္စည်းကိရိယာများ တပ်ဆင်ရန်နှင့် ထိခိုက်ခံရသူများကို ထိုနေရာသို့
ရွှေ့ပြောင်းရန် အမြန် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ဇွန်လ
၂၄ ရက်နေ့မှစ၍ ဗင်နီဇွဲလားတွင် နောက်ဆက်တွဲငလျင် ၇၈၂ ခု လှုပ်ခတ်ခဲ့သော်လည်း ကြိမ်နှုန်းနှင့်
ပြင်းအားတို့ လျော့ကျသွားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments