သာစည်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
သာစည် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပလတ်စတစ် သုံးစွဲမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြော ခြင်းများကို ဇူလိုင် ၄ ရက်က လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့၊ အထက(၁)လမ်းဆုံနှင့် သာစည် မြို့မဈေးကြီးတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးသည်။
ထို့နောက် တာဝန်ရှိသူများက ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments