ကျောင်းအပ်သောကလေးများ ကျောင်းတက်ရောက်နိုင်ရေးနှင့် အတန်းစဉ် ကူးပြောင်းမှုနှုန်း မြင့်မားရေး အခမ်းအနားကျင်းပ
မော်လမြိုင် ဇူလိုင် ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး၊ ကျောင်းအပ်သောကလေးများ ကျောင်းတက်ရောက်နိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေး အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့နယ် အထက (၁) ရာပြည့်ခန်းမ၌ ကျင်းပသည်။
ချီးမြှင့်ငွေပေးအပ်
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း က အမှာစကားပြောကြားပြီး ကျောင်းအတွက် ချီးမြှင့်ငွေပေးအပ်သည်။
ယင်းနောက် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော လူနာများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ကြက်ဥများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ဆေးရုံရှိ ဆေးသိုလှောင်ခန်းနှင့် ဆေးရုံ နှစ်ထပ်တိုးချဲ့ဆောင်တို့ကို ကြည့်ရှုသည်။
ဆက်လက်၍ ကျိုက်ထိုမြို့နယ် မြို့တော်ခန်းမ၌ ကျိုက်ထိုခရိုင်အတွင်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments