မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ(၂/၂၀၂၆) ညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် ဇူလိုင် ၁၄


မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင် ရွက်ရေးကော်မတီ (၂/၂၀၂၆) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာ-ထိုင်း နယ်နိမိတ် ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ(၁) နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ၂၀၂၆ ခုနှစ် ပွင့်လင်းရာသီ ကာလအတွင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ် ဖော်ထုတ် ဆွေးနွေးကြပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြ သည်။


၂၀၂၆ ခုနှစ် ဇူလိုင်မှစတင်၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေ ဖြစ်ပေါ် ခဲ့ပြီး ၂၀၂၆ ခု နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အပူချိန် မြင့်တက်ခြင်း၊ တောမီးလောင် ကျွမ်းမှုများ အလွယ်တကူဖြစ်ပေါ် နိုင်ခြင်း အခြေအနေများဖြစ်ပေါ် လာနိုင်သဖြင့် ၂၀၂၇ ပွင့်လင်းရာသီ အတွက် မီးခိုးမြူငွေ့လျော့နည်း ကျဆင်းရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြမည့် လုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး Fire Hotspot လျော့ကျမှု အနေဖြင့် အခြေခံနှစ်ဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ ပထမခြောက်လအတွင်း Fire Hotspot ၅၀၅၁၂ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် ၂၀၂၆ ခုနှစ် ပထမခြောက်လပတ်တွင် Fire Hotspot ၄၄၉၃၁ ကြိမ် ဖြစ်ပေါ်ခဲ့သည့်အတွက် ၅၅၈၁ ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.