ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Recreation Center ဖွင့်ပွဲ တက်ရောက်




နေပြည်တော် ဇူလိုင် ၃


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ Naypyitaw State Polytechnic University ၏ Recreation Center ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက Recreation Center အဆောက်အအုံကို ဖွင့်လှစ်ပေးကြပြီး အဆောက်အအုံအတွင်း ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် NSPU မှ ကျောင်းသားများ၏ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီကြသည့် ဖျော်ဖြေရေးအဖွဲ့များနှင့် ပြိုင်ပွဲဝင်ဘော်လီဘောအသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.