ကော့မှူး၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေး
ကော့မှူး ဇူလိုင် ၃၀
နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်
လမင်းစီမံချက်ဖြင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ
ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဝါးဘလောက်သောက်
ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇင်ဟိန်း၊ အထက (ဝါးဘလောက်သောက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမင်းဦးတို့က ကျောင်းသား ကျောင်းသူ
၁၄၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)

No comments