မြန်မာနိုင်ငံတွင် ပထမဆုံး ငလျင်ဒဏ်လျှော့ချသည့်နည်းပညာ (Base Isolation System) အသုံးပြု၍ Base Isolator ဆောက်လုပ်ရေးပစ္စည်းများ တပ်ဆင်ထည့်သွင်းတည်ဆောက်မည်
မန္တလေး ဩဂုတ် ၃၁
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီး
လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံများပျက်စီးမှုကို
လျှော့ချနိုင်ရေးအတွက် ပြည်တွင်းမှ ပညာရှင်များက တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်က စီချွမ်ငလျင်လှုပ်ခတ်ခဲ့သည့်
နေရာများ၊ Safetyinside Company ၏ Base Isolator ထုတ်လုပ်သည့် စက်ရုံနေရာများသို့ သွားရောက်လေ့လာပြီး
စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကာ အဆောက်အအုံနှင့် မြေပြင်ကြားတွင် Base
Isolator များကို တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့်
အဆောက်အအုံ ပေါ်ကို သက်ရောက်လာနိုင်သည့်
ငလျင်အင်အားနှင့် လှုပ်ရှားမှုများကို လျှော့ချပေးသည့် ခေတ်မီ နည်းပညာတစ်ရပ် ဖြစ်ကြောင်း၊
ယခုတည်ဆောက်မည့် ၇၇ ပေ x ၈၃ ပေမြေဧရိယာ၌ တစ်ထပ်လျှင် ၁၁ ပေအမြင့်ရှိ Basement အပါ ငါးထပ်
သံကူကွန်ကရစ် အဆောက်အအုံတွင်
ငလျင်ဒဏ်လျှော့ချသည့် နည်းပညာ (Base Isolation System)ကို အသုံးပြု၍ Base Isolator
ဆောက်လုပ်ရေးပစ္စည်းများကို တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ငလျင်ဒဏ်လျှော့ချသည့်
နည်းပညာ (Base Isolation System) အသုံးပြု၍ အဆောက်အအုံအောက်ခြေတွင် Base Isolator များ
တပ်ဆင်ထည့်သွင်း တည်ဆောက်သွားမည့် အဆောက်အအုံ ပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက
ချမ်းမြသာစည် မြို့နယ်ရှိ မင်္ဂလာမန္တလေး စီမံကိန်းအတွင်း ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ
ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊
ဌာနဆိုင်ရာများ၊ New Starlight Construction Co., Ltd. မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊
အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး
ပညာရှင်အဖွဲ့၊ ငလျင်ကော်မတီ၊ အာရှနှင့် ပစိတ်ဖိတ်ဒေသ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်၊
မြန်မာနိုင်ငံ မြို့ပြအင်ဂျင်နီယာများအသင်းတို့မှ တာဝန်ရှိသူများ၊ New Starlight
Construction Co.,Ltd. မှ အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး
New Starlight Construc- tion Co.,Ltd. ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက တည်ဆောက်မည့် အဆောက်အအုံ၌
အဆောက်အအုံနှင့် မြေပြင်ကြားတွင် တပ်ဆင်ထည့်သွင်းသွားမည့် Base Isolator များကို လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို
ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်
တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပန္နက်တင်၍ တွင်းတော်ဝန်းပြီး
အမွှေးနံ့သာများ ပက်ဖျန်းပေးကြကာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments