တူကီယဲနိုင်ငံ၌ ကာဒတ်စတန်အလုပ်သမားပါတီ လက်နက်စွန့်လွှတ်ရေးဆောင်ရွက်
အန်ကာရာ ဩဂုတ် ၃၁
တူကီယဲနိုင်ငံသည် နိုင်ငံအတွင်း
ကာဒတ်စတန်အလုပ်သမားပါတီ၏ နောက်တစ်ဆင့် လက်နက်စွန့်လွှတ်ရေးလုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း
သိရသည်။
၎င်းပါတီအဖွဲ့ဝင်များ၏
တရားဝင်လက်နက် လွှဲပြောင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသန္တရသတင်းစာ ဟူယီယက်ဒေးလီးသတင်းစာက ဩဂုတ် ၃၁ ရက်တွင် ပြောကြားသည်။
လက်ရှိအချိန်တွင် တူကီယဲအမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းအနေဖြင့် အီရတ်နိုင်ငံနှင့် ကာဒတ်စတန်ဒေသန္တရအစိုးရတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကာဒတ်စတန်အလုပ်သမားပါတီ အဖွဲ့ဝင်များပုန်းအောင်းနေရာဖြစ်သည့်
အီရတ်နိုင်ငံ မြောက်ပိုင်းဒေသရှိ လက်နက်လွှဲပြောင်းရေးလုပ်ငန်းများအား စောင့်ကြည့်နေကြောင်းသိရသည်။
တူကီယဲနိုင်ငံတွင် ယခုလအစောပိုင်းက
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် လူမှုရေးပေါင်းစည်းမှု အားကောင်းစေရေးဆိုင်ရာ
ဥပဒေအရအကြမ်းဖက်မှုကင်းစင်သည့် တူကီယဲနိုင်ငံအစီအစဉ်အား တရားဝင်လုပ်ငန်းမူဘောင်ဖြင့် ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပြီး
၎င်းဥပဒေအရ ကာဒတ်စတန်အလုပ်သမားပါတီ အဖွဲ့ဝင်ဟောင်းများအား ဥပဒေဘောင်အတွင်း ဝင်ရောက်ရေးအတွက် ပံ့ပိုးပေးမည်ဖြစ်သည်။ ၎င်းဥပဒေအရ
တူကီယဲနိုင်ငံရှိ ကာဒတ်စတန်အလုပ်သမားပါတီအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများအားရပ်ဆိုင်းပြီး
လက်နက်ချခြင်းပြုမှသာ ၎င်းတို့အား ရုံးတင်စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းတို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား
- ဆင်ဟွာ
ဘာသာပြန်
- စိုးသူရ

No comments