မြန်အောင်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအား အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ဆေးဝါးကုသခြင်းများဆောင်ရွက်
မြန်အောင် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး
မြန်အောင်ခရိုင် မြန်အောင်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင်အကျုံးဝင် မှတ်ပုံတင် ထားသော
အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသရေးမော်တော်ယာဉ် (Mobile
Medical Unit) ဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့က
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်
လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရောင်နီစက်ရုံ၊ ပြည်သူပိုင်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းဌာနများနှင့်
မြန်အောင်/ရွှေပြည်သာရေနံမြေတို့မှ အာမခံအလုပ်သမားများကို အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသရေးမော်တော်ယာဉ်(Mobile
Medical Unit)ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်အောင်(ပြန်/ဆက်)


No comments