အာဖဂန်ပြည်နယ် ငါးခုတွင် ပိုလီယိုကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှု စတင်



ဩဂုတ် ၁၇

ရောဂါထပ်မံပြန့်ပွားမှုကို ကာကွယ်ရန်အတွက် အာဖဂန်အစိုးရသည် ပြည်နယ်ငါးခုရှိ ကလေးများကို ပိုလီယိုကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို ယနေ့တွင်စတင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်ကိုကိုးကား၍ ဒေသခံမီဒီယာ TOLOnews က ဖော်ပြခဲ့သည်။

နန်ဂါဟာ၊ ကူနာ၊ ကဘူးလ်၊ ဟီရတ်နှင့် ဖာရာ ပြည်နယ်များရှိ ခရိုင် ၃၉ ခုမှ ကလေးငယ် ၂၅၈၀၀၀၀ ကျော်အား ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအတွင်း ပိုလီယိုကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

အဆိုပါလှုပ်ရှားမှုသည် မကြာသေးမီက အတည်ပြုတွေ့ရှိခဲ့သည့် ပိုလီယိုရောဂါဖြစ်ပွားမှုများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရန်နှင့် ဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်းလည်း ထပ်လောင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.