နီပေါနိုင်ငံ၌ ရေကြီးမှုကြောင့် လူ ၁၆၅ ဦး သေဆုံး၊ ၈၂၃ ဦး ပျောက်ဆုံး



ဩဂုတ် ၂၇

နီပေါနိုင်ငံ မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ရုတ်တရက်ရေကြီးမှုကြောင့် သေဆုံးသူ ၁၆၅ ဦးအထိ ရှိလာပြီး အခြား ၈၂၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါအစိုးရအဖွဲ့အစည်းတစ်ခုက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

နီပေါနိုင်ငံ အမျိုးသားဘေးအန္တရာယ်လျော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏အစီရင်ခံစာအရ အဆိုပါစာရင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ ပါဝင်သည်ဟု သိရသည်။

လက်ရှိအချိန်အထိ လူ ၇၃ ဦး ဒဏ်ရာရရှိထားပြီး ဆေးရုံများတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.