နီပေါနိုင်ငံ ဘိုတေကိုရှီမြစ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွား



 နီပေါနိုင်ငံ မြောက်ပိုင်း ရာဆူဝါခရိုင်ရှိ ဘိုတေကိုရှီမြစ်တစ်လျှောက် ရေကြီးရေလျှံမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဈေးကြီးများ၊ အခြေချနေထိုင်မှုများနှင့် အခြေခံအဆောက်အအုံများကို ပျက်စီးစေခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ရေကြီးမှုသည် Syaphrubesi နှင့် Timure ဒေသများကို သက်ရောက်မှုရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

ပျက်စီးဆုံးရှုံးမှုပမာဏနှင့် ဖြစ်နိုင်ခြေရှိသော ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

အာဏာပိုင်များသည် အခြေအနေကိုအကဲဖြတ်ရန်နှင့် ထိခိုက်ခံရသောဒေသများရှိ လူများနှင့် ဆက်သွယ်ရန် လုပ်ဆောင်လျက်ရှိကြောင်း ခရိုင်အရာရှိချုပ် Narendra Pariyar က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြစ်အောက်ပိုင်းခရိုင်များရှိအာဏာပိုင်များက မြစ်ကမ်းနံဘေးတွင် နေထိုင်သူများအား နောက်ထပ်ရေကြီးမှုအန္တရာယ်သတိထားကြရန် သတိပေးထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.