အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်

  



နေပြည်တော် ဩဂုတ် ၉


ပြည်ထောင်စုနယ်မြေ ရေဆင်းငါးလုပ်ငန်းစခန်းတွင် အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးမျိုးများ ဆေးထိုးသားဖောက်ခြင်းနည်းပညာ ပေးသင်တန်းကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက အဆိုပါ ငါးလုပ်ငန်းစခန်း၌ ဖွင့်လှစ်သည်။


သင်တန်းဖွင့်ပွဲတွင် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးက အမှာစကားပြောကြားပြီး စခန်းတာဝန်ခံ ဒေါ်မိုးသီတာက အခြေခံငါးမွေးမြူရေး၊ မျိုးငါး ရွေးချယ်ထိန်းသိမ်းခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန်ငါးသန်ပြုစုခြင်းတို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.