အမာခံကျောက်ဖြည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဟင်္သာတ သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သည့် ဟင်္သာတမြို့
အေးမြသာယာရပ်ကွက် မင်းရဲကျော်စွာလမ်း အမာခံကျောက်ဖြည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို
ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့်
တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်အမှုဆောင်အရာရှိ
ဦးခင်မောင်သန်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးရဲစိုးတို့က လုပ်ငန်းဆောင်ရွက်နေမှုများ၊
ဘိလပ်မြေအိတ်များ သိုလှောင်ထားရှိမှု၊ အသုံးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း
လုပ်ငန်းပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး မှာကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက
လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဖယောင်းတိုင်ထုပ် ၁၅၀၀ ကို ဟင်္သာတခရိုင်
အလှူငွေနှင့် ပစ္စည်းလက်ခံရာဌာနသို့ လှူဒါန်းရာ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့က
လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments