မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရှေ့သို့ရောင်းဝယ်ရေးအသင်း စည်းဝေး

 


ရန်ကုန် ဩဂုတ် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ရှေ့သို့ရောင်းဝယ်ရေးအသင်း၏ ၂၀၂၅ - ၂၀၂၆ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ပြန်လည်ရွေးချယ်ပွဲကို ယနေ့တွင် ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှေ့သို့ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှုဆောင်အစီရင်ခံစာနှင့် အသင်းသားစာရင်း စစ်အစီရင်ခံစာများကို အမှုဆောင်တစ်ဦးက ဖတ်ကြားပြီး အတည်ပြုသည်။

 

ယင်း‌နောက် အမှုဆောင် ငါးဦး၊ အသင်းသားစာရင်းစစ် နှစ်ဦးအား ရွေးချယ်အတည်ပြု၍ ကတိသစ္စာပြုခြင်း ဆောင်ရွက်ခဲ့ကာ တက်ရောက်သူ အသင်းသားများအား အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

No comments

Powered by Blogger.