ကလပ်အသင်းပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ကြီးမှူးကျင်းပသည့် ကလပ်အသင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး
လက်ဝှေ့ပြိုင်ပွဲ နှင့် လူရွေးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့
မွန်းလွဲ ၁ နာရီက ပဒေသာလက်ဝှေ့လေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်များအဖြစ်
အမျိုးသား ၄၈ ကီလိုတန်းတွင်
ခန့်ဖြိုးအောင်(တောင်ဥက္ကလာ)က နော်ရိန်အောင်(MBC) ကို လည်းကောင်း၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင်
လုံဂျုံရိန်ကြွယ်နော် (Python တော်ဝင်ဧရာ)က ဒီပ(Paing Club)ကို လည်းကောင်း၊ ၆၇ ကီလိုတန်းတွင် နေခန့်နိုင်(Python
တော်ဝင်ဧရာ)က ဝေယံ(MAF)ကို
လည်းကောင်း၊ ၇၁ ကီလိုတန်းတွင် တန်မိုင်(Focus Power) က ချစ်လင်းဇော်(Paing Club) ကို လည်းကောင်း၊
၇၅ ကီလိုတန်းတွင် ကျော်ရဲလင်း(ကျိုက္ကလဲ့/ရွှေကျင်)က ရဲနိုင်ဝင်း(ပြင်ပ)ကို လည်းကောင်း၊ ၈၀ ကီလိုတန်းတွင် ကောင်းထက်ဇော်
(DOJO-9)က ခိုင်လင်း
(ကျိုက္ကလဲ့/ ရွှေကျင်)ကို လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ၏ ၅၄ ကီလိုတန်း ဗိုလ်လုပွဲတွင် သဉ္ဇာမင်း(လှိုင်သာယာ)က နော်အဲဆဲဖော(တောင်ဥက္ကလာ)ကို အနိုင်ရခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ်
အမျိုးသား ၅၁ ကီလိုတန်းတွင် ပြည့်ဖြိုးမောင်(ကျားမနိုင်)က ဖိုးလပြည့်(ပြည်ထဲရေး)ကို လည်းကောင်း၊ ဉာဏ်လင်းထက်(MBC)က ခန့်ဇော်သူ(တောင်ဥက္ကလာ)ကိုလည်းကောင်း၊ ၅၄ ကီလိုတန်းတွင် မျိုးမြတ် (MBC)က ဘုန်းမြင့်မိုရ်ထွန်း
(Paing Club)ကို လည်းကောင်း၊ ဇော်ဒူလ(Python တော်ဝင်ဧရာ)က ဇော်ထက်အောင်
(MAF)ကို လည်းကောင်း၊ ၅၇
ကီလိုတန်းတွင်
ဇဖဲထန် (Paing Club)က လင်းလင်းထွန်း(ANP)ကို လည်းကောင်း၊ ကျော်စွာမင်း(ကျိုက္ကလဲ့/ရွှေကျင်)က ကျော်မင်းလွင်(ZEAL)ကို လည်းကောင်း၊ ၆၀ ကီလိုတန်းတွင် မိတုံထွယ်ရှောင် (Python တော်ဝင်ဧရာ)က လင်းခန့်မောင်မောင်(ပြည်ထဲရေး)ကို လည်းကောင်း၊ ဇော်လင်းထွေး(MAF)က သက်မောင်မောင်(ANP)ကို လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
အဆိုပါပွဲစဉ်များ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို
ဩဂုတ် ၂၈ ရက်တွင် ပဒေသာလက်ဝှေ့ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုး၊
ဓာတ်ပုံ-YGB

No comments