ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၌ ဂဟေသင်တန်းဖွင့်

 


ဘားအံ ဩဂုတ် ၁၇


နည်းပညာနှင့် စက်မှုလက်မှု လုပ်ငန်းများ တိုးတက်များပြား လာသည်နှင့်အညီ ကျွမ်းကျင် လုပ်သားလိုအပ်မှု များပြားလာသည့်အတွက် ယနေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ တွင် ဂဟေသင်တန်းကို ဖွင့်လှစ် သည်။


ယနေ့ဖွင့်လှစ်သည့် ဂဟေ သင်တန်းမှ အရည်အချင်းပြည့်မီသော ကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်းခွင်အတွင်း လုံခြုံဘေးကင်းစွာ လုပ်ကိုင်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသော ဂဟေဆက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို စနစ်တကျလေ့ကျင့် သင်ယူခွင့်ရရှိကြမည်ဖြစ်ပြီး အထူးသဖြင့် ဂဟေဆက်ခြင်း ပညာရပ်သည် ဆောက်လုပ်ရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ သံထည် လုပ်ငန်းနှင့် အခြားသောနည်းပညာ ဆိုင်ရာလုပ်ငန်း ကဏ္ဍအသီးသီးတွင် မရှိမဖြစ်လိုအပ်သည့် အရေးပါသော အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုဖြစ်ကာ သင်တန်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ကြီးမှူး၍ ပြည်နယ် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ဘားအံ)၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။


ရှင်းလင်းတင်ပြ


သင်တန်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သော သင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်း တက်ရောက်ကြမည့် သင်တန်းသား ၂၀ ကို နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.