အိန္ဒိယနိုင်ငံ၌ နေအိမ်ပြိုကျမှုကြောင့် ခြောက်ဦးသေဆုံး
ဩဂုတ်
၇
အိန္ဒိယနိုင်ငံမြောက်ပိုင်းဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
နေအိမ်ပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် မိသားစုတစ်စုမှ
မိသားစုဝင်ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါပြည်နယ်၏
Pratapgarh ခရိုင်တွင် နေအိမ်တွင်အိပ်ပျော်လျက်ရှိစဉ် ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုနေအိမ်သည်
နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိပြီး ယိုယွင်းပျက်စီးနေသော အခြေအနေတွင်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments