ဒေါပုံမြို့နယ်၌ ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးဆွေးနွေး

 


ဒေါပုံ ဩဂုတ် ၁၉

 

ဒေါပုံမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၇ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ လုပ်ဆောင်သင့်သည်များကို အလေးအနက်ထား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့က ခရိုင်အတွင်း ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)

No comments

Powered by Blogger.