ဥဇဘက်ကစ္စတန်နိုင်ငံသို့ဇန်နဝါရီမှဇူလိုင်လအတွင်းနိုင်ငံခြားခရီးသွား ၇ ဒသမ ၇ သန်းကျော် ဝင်ရောက်
ဩဂုတ် ၁၂
ဥဇဘက်ကစ္စတန်နိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း နိုင်ငံခြားခရီးသွား ၇ ဒသမ ၇ သန်းကျော်ဝင်ရောက်မှုရှိကြောင်း နိုင်ငံ၏အမျိုးသားစာရင်းအင်းကော်မတီ၏ ပြောကြားချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း နိုင်ငံခြားခရီးသွား ၇၇၄၉၃၀၈ ဦး လာရောက်လည်ပတ်ခဲ့ရာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၄ သန်း သို့မဟုတ် ၂၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ထိုကော်မတီက ယမန်နေ့က ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံမှခရီးသွား ၂၁၇၇၁၀၈ ဦး ဝင်ရောက်မှုရှိရာ ခရီးသွား လာရောက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကာဇက်စတန်၊ တာဂျစ်ကစ္စတန်နှင့် ရုရှားနိုင်ငံတို့မှလည်း ခရီးသွားများဝင်ရောက်မှု များပြားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments