သံအမတ်ကြီး ဦးအောင်မင်းဦး ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာ ပေးအပ်

 



နေပြည်တော် ဩဂုတ် ၂၀


ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် မိုဂါဒစ်ရှူးမြို့ရှိ သမ္မတအိမ်တော်၌ ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဟာဆန် ရှိတ် မိုဟာမက် ထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။


သတင်းစဉ်

No comments

Powered by Blogger.