မင်းလှမြို့နယ်၌ ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း
မင်းလှ သြဂုတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်တောင်ရပ်ကွက် မြေနိမ့်ပိုင်း၌ နေထိုင်သော အိမ်ထောင်စုများနှင့် မလွန်ကျေးရွာရှိ ရေထပ်မံဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းရန်လိုအပ်သည့် အိမ်ထောင်စုများအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နှင့် မလွန်ကျေးရွာ၌ ဆောင်ရွက်သည်။
ရေဝင်ရောင်မှုကြောင့် မြို့ပေါ်တောင်ရပ်ကွက်ရှိ အိမ်ခြေ ၁၅ အိမ်မှ လူဦးရေ ၆၅ ဦး၊ မလွန်ကျေးရွာရှိ အိမ်ခြေ ၄၁ အိမ်မှ လူဦးရေ ၁၃၀ အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၏ စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ရေဘေးလွတ်ရာနေရာဖြစ်သည့် မြို့ပေါ်တောင်ရပ်ကွက် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းနှင့် မလွန်ကျေးရွာ စာကြောစာသင်တိုက် ရေဘေးရှောင်စခန်းတို့တွင် ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments